Clean Yangon Volunteer Zaw Min Thein

ကျွန်တော်ကတော့ Clean Yangon ရဲ့ ပထမအကြိမ် အမှိုက်ကောက်ပွဲမှာ ပါဝင်ခဲ့ဘူးပြီး အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ပါဝင်မှု့ မရှိခဲ့ပါဘူး.... အခု ကိုဗစ် စဖြစ်တဲ့အချိန်မှာ အလုပ်တွေက ဝန်ထမ်းလျော့ချတဲ့အထဲ ပါဝင်ခဲ့ပါတယ်။

ဒါဟာလဲ အဆိုးထဲက အကောင်းလို့ပဲပြောရမလားမသိဘူး Clean Yangon နဲ့အတူ ပါဝင်ခွင့်ရခဲ့ပါတယ် ၂လတာ ကာလအတွင်းမှာ Clean Yangon နဲ့အတူ မျှဝေခြင်းအစီအစဉ်တွေမှာ ပါဝင်ခဲ့တယ်။ သူများတွေ ကိုဗစ်ကြောင့် အပြင်မထွက်ပဲ Stay Home နေချိန်မှာ ကျွန်တော်တို့အပြင်ထွက်ခဲ့ကြတယ်။ ကျွန်တော်တို့မှာ အသက် အပိုမပါကြပါဘူး။ ဒါပေမယ့် ဒီအချိန်မှာ လိုအပ်နေတဲ့လူတွေ ဒုက္ခ နည်းနိုင်သမျှ နည်းအောင် ကျွန်တော်တို့ ကူညီနိုင်သလောက် ကူညီဖို့ အပြင်ထွက်ခဲ့ကြရတယ်။

ဒီလိုအပြင်ထွက်ကြတဲ့အခါ ကိုယ်ကိုတိုင် ရောဂါမကူးစက်အောင် ဂရုစိုက်ရင်း ကိုယ့်အဖွဲ့အစည်း ကိုယ်သွားခဲ့တဲ့ လူမှု့ ပတ်ဝန်းကျင်ကိုလဲ တတ်နိုင်သလောက် ကာကွယ်ခဲ့ကြတယ်။ နောက်ထပ် လိုအပ်ချက်တွေရှိနေနိုင်မယ်လို့ ယူဆခဲ့ကြတဲ့ အတွက် #လိုရင်ခေါ်ပါဆိုတဲ့ အစီအစဉ် လုပ်ခဲ့ကြတယ် လိုအပ်နေတဲ့လူတွေ ဒုက္ခရောက်နေတဲ့ လူတွေ တကယ်အများကြီး ရှိနေပါလားဆိုတာ သိခွင့် ပိုမိုရခဲ့တယ်။ ပြည်သူတွေရဲ့လိုအပ်ချက်တွေ ဖြည့်စည်းပေးရင်း ၂လတာ ကာလဟာ ဘယ်လိုကုန်လွန်းသွားမှန်း မသိခဲ့ကြဘူး။

ကိုယ့်ခန္ဓာကိုယ်ကို အနားပေးရမှန်းတောင် မစဉ်းစားနိုင်ကြတဲ့ ချစ်ရတဲ့ ညီအကိုမောင်နှမတွေ❤❤❤ #Clean Yangon နဲ့ လက်တွဲရင်း ကိုဗစ်ကာလမှာ ဝမ်းနည်းဝမ်းသာ ခံစားခဲ့ရတယ်။ လိုအပ်နေသူတွေအကုန်လုံး ကိုမဖြည့်စည်းပေးနိုင်တဲ့အတွက် ဝမ်းနည်းရသလို လိုအပ်တာလေးတွေ အထိုက်အလျောက် ပြည့်စုံသွားတဲ့ သူတွေရဲ့မျက်နှာကို မြင်ရချိန်မှာ ဖော်ပြမတတ်တဲ့ ဝမ်းသာမှု့တွေ ရခဲ့တယ်။

ဒီ၂လတာ ကာလအတွင်းမှာ နေရာ မိသားစု အသက်အရွယ် မတူတဲ့ လူတွေ အတူတူ စုပေါင်းလုပ်ဆောင်ကြပေမယ့် တူညီတာ ချစ်ခြင်းမေတ္တာ နဲ့ နားလည်ခွင့်လွှတ် ခြင်းတွေပါပဲ။ ဘဝမှာ တန်ဖိုးဖြတ်မရတဲ့အချိန်တွေ ပြောပါဆိုရင် ဒီအချိန်ကိုပဲ ပြောရတော့မှာပါပဲ။ Clean Yangon က ညီအကိုမောင်နှမတွေရဲ့ ချစ်ခြင်းကို မျှဝေရင်း ❤❤❤ #Clean Yangon နဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ အမြဲပါဝင်ဆောင်ရွက်သွားမှာပါ။

#Clean Yangon ထာဝရတည်တံ့ခိုင်မြဲပါစေ ချစ်ခြင်းများဖြင့် #Zaw Lay