Clean Yangon Volunteer Foe Lay U Zaw

စ်ကာလမှာ ၂လတာ volunteer လုပ်ရင်း ဘဝတော်တော်များများကို သိခွင့်ရခဲ့တယ်...... ဘဝမှာ ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အကြီးကြီးလို့ မထင်လိုက်ကြပါနဲ့ ကိုယ့်ထပ်ဆိုးတဲ့ဘဝတွေ အများကြီးဆိုတာ သတိရပေးပါ။

ဒီနေ့ သွားခဲ့တဲ့အိမ်က မိသားစုလေးအကြောင်းပါ။ အမေက မုဆိုးမ နားသိပ်မကောင်းဘူး။ သားတွေတော့ရှိတယ် ဥာဏ်ရည် မမှီကြဘူး။ ကောင်းတဲ့သားက မီးရထားဝန်ထမ်း (၁) နှစ်အရွယ်ကလေးကတစ်ယောက်ရှိတယ်။ ကျန်းမာရေးကမကောင်းရှာဘူး။ ပိုက်သွင်းရမယ်ဆိုတော့ ဆေးရုံကို အသနားခံပေမယ့် ၃၅၀၀၀၀လောက် ကုန်ကျမယ်တဲ့ မိုးရွာထဲမှာ ရှင်းပြနေတဲ့ ကလေးအမေကို ကြည့်ပြီး သားလေးတစ်ယောက်ပဲရှိတဲ့ အမေအတွက်ကတော့ ဘယ်လောက်တောင် သောကမီးဖြစ်လိုက်မလဲပေါ့ ဘယ်လိုမှ ထင်မထားကြတဲ့ မိသားစု ဒုက္ခတွေနားထောင်နေရတဲ့ ကိုယ်တွေရဲ့စိတ်တွေကို နားလည်ပေးနိုင်မလား 😢😢😢 ခံနိုင်ရည်မရှိတဲ့ နှလုံးသားနဲ့ ပရဟိတလုပ် နေကြသူတွေ...မချမ်းသာကြဘူး ဒီကာလမှာ ကိုယ့်မှာ အလုပ်မရှိဘူး။

ဒါပေမယ့် ပိုရှိတဲ့ ကိုယ့်အစ်မက သူ့အိတ်ထဲက ၅သောင်းထုတ် နိုင်သလောက် ကူညီခဲ့ရတယ်။ ဘဝမှာ ပိုက်ဆံတွေ အများကြီး ရှိချင်သေးတယ်။ အဲ့လိုဘဝတွေ အတွက် အခုတော့ တတ်နိုင်တဲ့ လုပ်အား ဒါနလေးပဲ လုပ်နိုင်ခဲ့တယ်။ ဘယ်လိုပြောရမလဲ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာလို့ပဲပြောရမလား... တစ်မိသားစုလုံး ဒုက္ခတွေနဲ့ ပြည့်နေတာ #ဒီလိုဘဝတွေအများကြီးပဲ Clean Yangon စေတနာ့ဝန်ထမ်းတစ်ဦး Foe Lay U Zaw